babywaiyan.blogspot.com ၀က်ဆိုဒ်သည် နည်းပညာများကို ရှာဖွေစု စည်းပေးထားသော ဆိုဒ်တစ်ခုသာဖြစ်ပါသည်။ကိုယ်ပိုင် Post များလဲပါဝင်သလို အခြားဝက်ဆိုဒ်များမှ Post များလည်းပါဝင်နိုင်ပါတယ်၊Copy ကူးယူပြီးတင် ထားခြင်းများ မဟုတ်ပါ။ Wai Yan (rainstory12081995@gmail.com)

B a b y wai yan သို့ လာ ရောက် သူ ပေါင်း ပျော် ရွှင် နိုင် ကြ ပါ စေ........

*****************************************************************

Blog Edit...........
Tuesday, January 1, 2013

သို့…………..မြတ်နိုးသူ

သို့…………မြတ်နိုးသူ
မသိစိတ်ရဲ့ တောင်းဆိုမှူတွေ
ဦးနှောက်ကပေးပို့တဲ့ အဆုံးအဖြတ်တွေ
နှလုံးသားက လှုံ့ဆော်မှူတွေနဲ့ 
နှုတ်ခမ်းနှစ်လွှာက ပွင့်အံလာတဲ့
ရင်ထဲကဆန္ဒ တစ်ခုကို
အချစ်လို့ အဓိပ္ပါယ်ဖွင့်ရင်
ရိုးသားလွန်းတဲ့ မျက်ဝန်း
ဖြူစင်လွန်းတဲ့ အပြုံး
စည်းစောင့်တတ်တဲ့ နှလုံးသားလေး
ပိုင်ဆိုင်ထားတဲ့ မင်း
ရှေ့တိုးမှာလား
စွန့်ခွာသွားမလား…………?

0 comments:

Post a Comment