Tuesday, January 1, 2013

ချစ်သူ

ချစ်သူ
ငါအသက်တစ်ခါရှူမိလိုက်တိုင်း
ရချင်မိတယ်…
မင်းရဲ့ကိုယ်သင်းရနံ့လေး
ငါ့ရင်ဘက်ထဲကနှလုံးသားဟာ
တစ်ခါခုန်လိုက်တိုင်း ခေါ်နေမိတယ်…
မင်းရဲ့နာမည်လေး
ငါ့မျက်လုံးနှစ်လုံးပွင့်နေတဲ့အချိန်တိုင်း
မြင်ချင်မိတယ်…
မင်းရဲ့ပုံရိပ်တွေ
ငါ့ရဲ့အိပ်စက်ချိန်တိုင်း စိုးမိုးထားတဲ့
အိပ်မက်တွေယာ မင်းမပါရင်
မသာယာနိုင်ပဲ အလွမ်းမိုးရွာသွန်းနေမိတယ်….

No comments:

Post a Comment